အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အမှတ်(၁၀) ရပ်ကွက် ပဒေသာဈေးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူပြည်သူများ  နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်၍ အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
Oct 06,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို မြို့နယ်နေ ပြည်သူများမှ အစားအသောက်များ၊ ကျန်းမာရေး သုံးပစ္စည်းများ၊ ကာကွယ်ရေးပစ္စည်းများ အား နေ့စဉ်လာရောက်လှူဒါန်း လျက်ရှိကြောင်း သိရှိရသည်။
Oct 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပန်ဆောင်မြို့ပေါ်(၃ ) ရပ် ကွက်ရှိ ကိုယ်ဝန် ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို အောက်တိုဘာ ၅ရက် မှ ၇ ရက်နေ့ နံနက်(၁၀)နာရီတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
Oct 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ရေးလုပ်ငန်းများ လိုအပ်သောနေရာတွင် အသုံးပြုရန်အတွက် မြို့နယ်အတွင်းရှိ အထက၊ အထက(ခွဲ)၊ အ.လ.က(ခွဲ)နှင့် မူလွန်ကျောင်း တို့မှ ပညာရေးဝန်ထမ်း မိသားစုများ၏ အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့ နေ့လည် ၁၂ နာရီက မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ရုံးခန်းတွင် ဆောင်ရွက် ခဲ့သည်။
Oct 06,2020
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးကြပ်၍ ဧရာဝတီဖောင်ဒေးရှင်း၏ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်သော Covid-19 Quarantine Center Football Academy (Mandalay)ကို မကြာမီရက်ပိုင်းတွင်စတင် အသုံးပြုနိုင်တော့မည်ဖြစ်ပြီး ယင်း၌ Quarantine ဝင်မည့်သူဦးရေ ၁၀၀ ကျော်ကို လက်ခံစောင့်ရှောက်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
Oct 06,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှထုတ်ဝေသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့နံနက် ၉ နာရီက ပြသပေးခဲ့ကြောင်း သိရသည်။
Oct 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်၊ ဈေးရောင်းချနေသူများနှင့် ဈေးဝယ်သူများ အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ မြို့မဈေးနှင့် ပျံကျ ဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ ရှောင်တခင်ဝင် ရောက်စစ်ဆေးခြင်း ကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။