တာလေမြို့၌ မိုးစပါးစံကွက်ရိတ်သိမ်း

တာလေ        အောက်တိုဘာ  ၂၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးအထွက်နှုန်းမှန်ကန်စေရေး အတွက် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို အောက်တိုဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက တာလေမြို့၊ နားယောင်း ကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ မိုးစပါးစံပြကွက်ရိတ်သိမ်းရာတွင် တာလေမြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်၊ မြို့မြေစာရင်း ဦးစီးဌာနမှူး ဦးဗိုလ်လေး၊ မြို့စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းရွှေ၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ဒေသခံတောင်သူများက နာယောင်း‌ကျေးရွာ အုပ်စု၊ကွင်းအမှတ် (၆၀)၊ ဦးပိုင်အမှတ် (၃၈/၁)၊ တောင်သူဦးလီဘော်၏ ဆင်းဧကရီ-၃ မိုးစပါးစိုက်ခင်းအား ရိတ်သိမ်းခဲ့ကြရာ တစ်ဧကလျှင် မိုးစပါး အစိုထွက် (၁၀၁ ဒသမ ၅၃)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)