မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၏ ကထိန်ပွဲကျင်းပ

မိုင်းခုတ် အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ယနေ့နံနက်၉နာရီက မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၏ ကထိန်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းခုတ်မြို့ မြို့မတပ်ဦးကျောင်းသို့ အ.ထ.ကမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ ပဒေသာပင်များ လှည့်လည်ပို့ဆောင်ခဲ့ကြသည်။ ထို့နောက် နံနက် ၁၀ နာရီအချိန်တွင် မိုင်းခုတ်မြို့ မြို့မတပ်ဦးကျောင်း၌ ရေစက်ချတရားနာပြီး သံဃာတော်များအား ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း ပြုလုပ်သည်။

မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ပဒေသာပင်စုစုပေါင်း(၁၁)ခုနှင့် ငွေကျပ်စုစုပေါင်း တစ်ဆယ့်ရှစ်သိန်းနှစ်သောင်းတစ်ထောင်ကျပ်နှင့် လှူဖွယ်ပစ္စည်းများအား စုပေါင်း၍ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခင်သန္တာအောင်မိုင်းခုတ် (ပြန်/ဆက်)