သာကေတ အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်သာကေတမြို့နယ်ရှိ ၁/အနော်မာရပ်ကွက် စည်ပင်သာယာအမှတ်(၁)စျေးဝန်းအတွင်း ရှိဆိုင်ခန်းများအားမီးဘေးလုံခြုံရေး စစ်ဆေးခြင်း လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီမှစတင်၍လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမင်းမင်းဦးဆောင်၍ သန္ဓေ(၆)ဦးဖြင့် ပြည်သူများ
အနေဖြင့်မီးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးထိခိုက်မှုမရှိစေရေး အတွက်ဆိုင် ခန်းများ တွင်တပ်ဆင် ထားရှိသည့် မီးငြိမ်း သတ်ရေးစနစ်များကောင်း မွန်မှုရှိမရှိစစ်ဆေး ခြင်း၊ ရှုပ်ထွေး နေသောဝါယာ ကြိုးများနှင့် ဆွေးမြီနေသော ဝါယာကြိုးများအားစနစ်တကျထားရှိ ခြင်းနှင့်လဲလှယ်ခြင်းများ ပြုလုပ်ကြရန်၊ ရေသိုလှောင်ကန်ထားရန် စစ်ဆေးဆောင်ရွက်ခဲ့ ကြကြောင်း သိရှိရသည်။
အိရွှေစင်လတ်(သာကေတ)