နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာ၌  ထိုင်းနှံကောက် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က ကွင်းအမှတ် ၁၆၂၃ (ခ) ၊ တောင်သူ ဦးမင်းမင်း၏ စံပြကွက်စိုက်ခင်း သုံးဧက၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက ဒေသခံတောင်သူများအား တွေ့ဆုံ၍ တစ်နှစ်သုံးသီး ရာသီပြည့်စိုက်ပျိုးနိုင်ရေး ၊ မျိုး၊မြေ၊ရေနည်း စိုက်နည်းစနစ် မှန်ကန်စေရေး၊  ရိတ်သိမ်းပြီးသည့် လယ်မြေများတွင် ဆောင်းသီးနှံအဖြစ် ဆီထွက်သီးနှံ နေကြာနှင့် မတ်ပဲများ စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရာတွင်လည်း မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုမှာကြားပြီး ဌာနဆိုင်ရာများနှင့် တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့်တာဝန်ရှိသူများက မိုးစပါး စံပြကွက်ရိတ်သိမ်း‌နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)