ထားဝယ် နိုဝင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၆/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုအပေါ်မူတည်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ရင်းနှီးမြှုပ်နှံသူများကို လုပ်ငန်းဆောင်ရွက်ခွင့်ရရှိရေး၊ လုပ်ငန်းများလုပ်ကိုင် ခွင့်ရရှိ ရေးများကိုလည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးသည်ရင်းနှီး မြှပ်နှံမှုအနေဖြင့်အရေးကြီးကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ၊ငွေကြေးလည်ပတ်မှုများပါက တိုင်းဒေသကြီး သည်ကြီးပွားတိုးတက်လာသည်နှင့်အမျှ တိုင်းဒေသကြီး၏တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုပိုမိုများပြားလာကြောင်း၊ ရင်းနှီးမြှုပ်နှံမှုသည်တိုင်းဒေသကြီးအတွင်း အတိုင်းအတာတစ်ခုအထိ လာရောက် ရင်းနှီးမြှုပ်နှံသူများရှိကြောင်း၊ တိုင်းဒေသကြီးတွင်ယခုထက်ပို၍တည်ငြိမ်အေးချမ်းလာပါက ရင်းနှီး မြှပ်နှံမှုများပြားလာနိုင်သည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုသည်လည်းများပြားလာမှာဖြစ်ကြောင်း၊ အလုပ် အကိုင်အခွင့် အလမ်းသည်အဓိကအရေးကြီးပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် လိုအပ်သော အကြံဉာဏ်ကောင်းများဆွေးနွေးပေးရန်လိုအပ်ကြောင်း၊ ရင်းနှီးမြှပ်နှံမှုနှင့် ပတ်သက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးရမည့်လုပ်ငန်းများကိုညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မကြာခင်ကာလအတွင်း ရေနက်ဆိပ်ကမ်းနှင့်ပတ်သက်၍ ရင်းနှီးမြှပ်နှံမှုဝင်ရောက်လာပါက တိုင်းဒေသကြီးအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလာနိုင်သော ကြောင့်အကျိုးရှိ ကြောင်း၊ ရင်းနှီးမြှပ်နှံမှုများစွာရှိပါက ဒေသအတွင်းနေထိုင်သောပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းနှင့်စားဝတ်နေရေးအဆင်ပြေနိုင်ကြောင်း ပြောကြားသည်။
ထို့နောက်ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် AWBA SAN Co., Ltd. က ပထော်ကြေး တိုင်ပြင်ကွင်း၊ မအိုင်ကျေးရွာအုပ်စု၊ ကျွန်းစုမြို့နယ်ရှိ ဥယျာဉ်ခြံမြေဧရိယာ (၉၈) ဧကတွင်ခေတ်မီရေငန် ပုစွန်မွေးမြူ ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းအားလည်းကောင်း၊ Nay La Yaung (Dawei) Co., Ltd. က သဗျာအေကွင်း၊ သဗျာကျေးရွာအုပ်စု၊ ထားဝယ်မြို့နယ်ရှိ ဥယျာဉ်ခြံမြေဧရိယာ (၂.၄၄) ဧကတွင် ဝဥအလွှာ အခြောက်ခံ လုပ်ငန်းအားလည်းကောင်းရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များ က ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)