နတ်တလင်းမြို့၌ (၅၅) ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

နတ်တလင်း နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ (၅၅) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နေ့လယ် ၁နာရီက ဇီးကုန်းကလေးရပ်ကွက် သကျမဟာမြတ်မုနိဘုရားကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများရှိ အလှူရှင်များမှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော် အပါး (၁၂၁) ပါးအား ဆွမ်းဆန်စိမ်း၊ ဆပ်ပြာ၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ခေါက်ဆွဲခြောက်ထုပ်၊ အချိုရည်၊ ဝတ္ထုငွေများ လောင်းလှူခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)