လားရှိုး နိုဝင်ဘာ ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရန်နှင့် ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားလာစေရန်အတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီခွဲက သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးသန္တာထွန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီစိုးနှင့် တက်ရောက်လာသည့် တာဝန်ရှိသူများက သင်တန်းသားသင်တန်းသူ စုစုပေါင်း ၂၀ ဦးတို့အတွက် သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းထုတ်ကုန်ချော ပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအား နိုဝင်ဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၀ ဦးဖြင့် စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူအားလုံးထဲမှ အမှန်တကယ်အလုပ်လုပ်ကိုင်လို၍ သင်တန်းတွင် ထူးချွန်စွာ အောင်မြင်သည့် သင်သန်းသား သင်တန်းသူ ၃ ဦး ကို လုပ်ငန်းစတင်လည်ပတ်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)