ပေါက်ခေါင်းမြို့နယ်တွင် ယခင်နှစ်က ဝါဈေးကွက်ကောင်းသဖြင့် ယခုနှစ်တွင် ဝါဧက(၇၄၂)ဧက တိုးချဲ့စိုက်ပျိုးထားရှိ

ပေါက်ခေါင်း နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယခင်နှစ်က ဝါဈေးကွက်ကောင်းသဖြင့် ယခုနှစ်တွင် ‌တောင်သူများမှ ဝါကိုတိုးချဲ့စိုက်ပျိုးထုတ်လုပ် လျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်၌ ဝါကြီး၊ ချည်မျှင်ရှည်ဝါအပါအဝင် စုစုပေါင်းဝါဧက (၇၄၂၂)ဧက  လျာထားစိုက်ပျိုးလျက်ရှိ‌ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဝါ(၁)ဧက၏ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ပျမ်းမျှသုံးသိန်းခွဲခန့်ကုန်ကျပြီး၊ ဝါကောက်ချိန်(သို့) ခူးဆွတ်ချိန်မှာတော့ တစ်ဧကလျှင် အနည်းဆုံးပိဿာ ရှစ်ရာ လောက်ထွက်ရှိကြောင်း၊ ယခင်နှစ်က ဝါတစ်ပိဿာကို ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချရသည့်အတွက် တွက်‌‌ခြေကိုက်ကြောင်း၊ ဝါသီးနှံသည် တောင်သူများ စိုက်ပျိုးသင့်သည့် သီးနှံဖြစ်ကြောင်း ဝါသီးနှံစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှသိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခင်နှစ်က ဝါဈေးကွက်ကောင်း​​သောကြောင့် ယခုနှစ်တွင် တိုးချဲ့စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)