တောင်ကြီးတန်ဆောင်တိုင်ပွဲ ရိုးရာမီးပုံးပျံ ညမီးကြီးများ လွှတ်တင်ပြိုင်ပွဲ ဆက်လက်ကျင်းပ

တောင်ကြီး နိုဝင်ဘာ 

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲဝင် မီးပုံးပျံပညာရှင်များ​၏ ဝါသနာ၊ စေတနာနှင့် ငွေကြေးအကုန်ကျခံ အချိန်ယူကြိုးစားအားထုတ်ပါဝင်ယှဉ်ပြိုင်မှုများအား လေးစားအသိအမှတ်ပြုခြင်း ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ်၏အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်နှင့် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၅ ရက်ည၌ အဝေရာကုန်းသာယာ မီးပုံးပျံပြိုင်ပွဲကွင်း၌ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါပွဲတော်အား ညစဥ် စိန်နားပန်မီးပုံးပျံအလှများနှင့် ညမီးကြီး (ခေါ်ယမ်းမီး၊ မီးပုံးပျံ များလွှတ်တင်ပြိုင်ပွဲကို အောက်တိုဘာ၂၉ရက်နေ့မှနိုဝင်ဘာ၅ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးဦးစီးကော်မတီက မီးပုံးပျံ ပွဲဝါသနာရှင်ပြည်သူများအတွက် ကြေညာထားခဲ့သော်လည်း၊တောင်ကြီးမြို့ ရာသီဥတုလတ်တလောအခြေအနေအရ၊ စိန်နားပန်အလှမီးပုံးပျံများနှင့် ညမီးကြီး မီးပုံးပျံများအား ပွဲစဉ်အလိုက် သတ်မှတ်အရေအတွက်အတိုင်း လွှတ်တင်နိုင်ခဲ့ခြင်းမရှိခဲ့သဖြင့် ကျန်ရှိနေသည့် မီးပုံးပျံများကို နိုဝင်ဘာ ၅ရက်နေ့မှ ၇ရက်နေ့အထိ ဆက်လက်ကျင်းပသွားခြင်းဖြစ်သည်။

သို့ဖြစ်၍ နိုဝင်ဘာ၅ရက်နေ့ (ည)တွင် ရာသီဥတုအခြေအနေအရ ညမီးကြီးမီးပုံးပျံများ လွှတ်တင်ယှဥ်ပြိုင်ခဲ့ကြပြီး၊ လာရောက်ကြည့်ရှုအားပေးကြသည့်ပရိတ်သတ်များဖြင့် အဝေရာ မီးပုံးပျံကွင်းကြီး၌ စည်ကားလျက်ရှိသည်။

မီးပုံးပျံပြိုင်ပွဲနှင့်အတူ ရန်ကုန်မြို့မှအဆိုတော်များဖြင့် ခေတ်ပေါ်တေးဂီတ ဖျော်ဖြေတင်ဆက်ခြင်းအား နိုဝင်ဘာ()ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပကာ၊ ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနားအား နိုဝင်ဘာ ၈ရက်နေ့ည၌ တန်ဆောင်တိုင်ပွဲတော်ဂုဏ်ပြု စိန်နားပန်မီးပုံးပျံ၊ညမီးကြီး မီးပုံးပျံများ လွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းများ လွှတ်တင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်နယ်(ပြန်/ဆက်)