စလင်းမြို့နယ်တွင် ကျောင်းသားဟောင်းကြီးများ၏ စတုတ္ထအကြိမ်မြောက် စုပေါင်းကထိန်သင်္ကန်းကပ်လှူပွဲ ကျင်းပ

စလင်း နိုဝင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ပရိယတ္တိစာသင်တိုက်ကြီးတွင် ကျောင်းသားဟောင်းကြီးများမှ စုပေါင်း၍ စတုတ္ထအကြိမ်မြောက် ကထိန်သင်္ကန်းကပ်သူများဖြင့် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းက မြန်မာလူမျိုးတို့၏ ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများ၌ ဥပုသ်သီလဆောက်တည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများနှင့် စည်ကားလျက်ရှိသည်။

ပြည်သူများအနေဖြင့် မြို့နယ်အတွင်းရှိ  ဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်၊ သံဃာတော်ကြီးများထံမှ ဥပုသ်သီလတရားနာယူသူများ၊ စိတ်အေးချမ်းသာစွာ အဘိဓမ္မာဒေသနာတော် ရွတ်ဖတ်ပူဇော်သူများ၊ ဘုရားပန်းလဲလှယ်သူများ၊ သစ်သီးဆွမ်းများ၊ ဆက်ကပ်လှူဒါန်းသူများနှင့်၊ စေတနာရှင်/အလှူရှင်များက စုပေါင်း၍ ကောင်းမှုကုသိုလ်ကောင်းမှုများ၊ ဗုဒ္ဓရုပ်ပွားတော်များ ရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ ဘာသာရေးဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်ပူဇော်ခြင်း၊ တရားဘာဝနာပွားများခြင်းများဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိရာ ၁၉၈၄ ခုနှစ်၊ ၁၉၈၅ ခုနှစ်၊ ၁၉၈၆ ခုနှစ်များတွင် ပညာသင်ကြားခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူဟောင်းကြီးများမှ စုပေါင်း၍ ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ခြင်းနှင့် ဆရာတော် ဦးသီဟအမှူးပြုသော သံဃာတော်အရှင်သူမြတ်များအား ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲအား စည်ကားသိုက်မြိုက်စွာဖြင့် စုပေါင်းလှူဒါန်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။         

မောင်လွင်(စလင်း)