ကံမ နိုဝင်ဘာ ၆
မြန်မာသက္ကရာဇ် ၁၃၈၇-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ပေါ်ရပ်ကွက်များရှိ ဆုတောင်းပြည့်စေတီတော်၊ ရွှေစည်းခုံစေတီတော်၊ သင်္ကန်းနက်ဘုရား၊ ရွှေနန်းပိုင်ဘုရား၊ ရွှေခရုတောက်ဘုရား၊ ငါးထပ်ကြီးဘုရားနှင့် ကန်လယ်ဘုရားတို့၌ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘုရား ပုထိုး စေတီများတွင် ဆီမီး၊ ပန်း၊ ရေချမ်းဆက်ကပ်လှူဒါန်းခြင်းတို့ဖြင့် ဘုရားဖူးလာရောက်သူများ စည်ကားလျက်ရှိပြီး ဘုရားဖူးလာရောက်ကြသည့် ဧည့်ပရိတ်သတ်များအား စေတနာရှင် အလှူရှင်များက မုန့်ဟင်းခါး၊နို့စိမ်းခေါက်ဆွဲ၊ ကြာဇံဟင်းခါး၊ ပေါင်မုန့်အုန်းနို့ဆမ်းအစရှိသည့် မြန်မာ့ရိုးရာ အစားအစာများဖြင့် စတုဒီသာ ကုသိုလ်ပြုလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)