ရန်ကုန် နိုဝင်ဘာ ၅
သန်လျင်ခရိုင် သန်လျင်မြို့နယ် လမ်းဦးစီးဌာနမှ ခရီးသွားပြည်သူများ လျင်မြန်ချောမွေ့စွာ သွားလာနိုင်ရေးအတွက် သန်လျင် - သုံးခွ - ခရမ်းသွားလမ်းမကြီးအား လမ်းတိုးချဲ့ခြင်း၊ မိုးတွင်းကာလ ပျက်စီးလျက်ရှိသောနေရာများအား ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
သန်လျင်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီအတွင်း ကျန်ရှိသော အဓိကလမ်းမကြီးများကို ဆက်လက်ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
ဖြိုးသီဟ(သန်လျင်)