အမြို့မြို့အနယ်နယ်သတင်းများ

Dec 07,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျိုက်ထိုမြို့ အခြေခံပညာအလယ်တန်းကျောင်း ကျိုက်ပိ(၁)၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 07,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော အခြေခံ/အဆင့်မြင့်စက်ချုပ်နည်းပညာသင်တန်းဖွင့်ဆင်းပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Dec 07,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းရှိ အင်ဂျန်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာ‌ပေး‌ဟောပြောပွဲကို ဒီဇင်ဘာလ ၅ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
Dec 07,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်စကားဝိုင်းကို  ယမန်နေ့ မွန်းလွဲ (၁) နာရီက ပေါင်မြို့နယ် (အ.လ.က) ပုသိမ်ကွင်းကျောင်း၌ ပြုလုပ်ခဲ့သည်။
Dec 07,2024
ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံ၍ ပိုလျှံသည်များအား ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရန် စိုက်ပျိုးမွေးမြူ ရေးထုတ်ကုန်များကို တိုးမြှင့်စိုက်ပျိုး မွေးမြူထုတ်လုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ထုံးအိုင်တိုက်နယ်အတွင်းရှိ အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းသီးနှံစိုက်ခင်းများနှင့် မွေးမြူရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
Dec 07,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကြီးမှူး၍ စာဖတ်ရှိန်မြင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာအုပ်စု၊ နားသဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ ကျွန်းပုလုကျေးရွာရှိ အ.လ.က(ခွဲ)ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပ​သော စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ​ကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သည်။