အမြို့မြို့အနယ်နယ်သတင်းများ

Dec 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ၂၀၂၄ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Dec 07,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်  ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာ‌ရေးနှစ်၊ အဖွဲ့ခွင့်ပြုရန်ပုံငွေ (၃၈.၈)သန်းဖြင့် ဆောင်ရွက်သည့် အမှတ်(၁) ဇီးကုန်းလေးရပ်ကွက်(၅)လမ်း အရှည် ၇၁၉ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၈ လက်မ ကွန်ကရစ်လမ်းခင်းကျင်းပြီးစီးမှုအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 07,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေးတွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ရုံးတို့မှ တာဝန်ရှိသူများက ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 07,2024
ရန်ကုန်တိုင်းဒေသကြီး၊ (၁၄) ခရိုင်၊ (၄၄) မြို့နယ်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ်များအား သွားကျန်းမာရေးအခမဲ့စစ်ဆေးကုသမှုကို   ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ဆေးကုသမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက်  ၇ နာရီအချိန်မှ ညနေ ၁၆နာရီ ၃၀ မိနစ်အချိန်ထိ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ သာကေတအထူးကုဆေးရုံ(ကုတင် ၁၀၀)၌ စမ်းသပ်စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
Dec 07,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် စည်ပင်သာယာရေးအဖွဲ့၏ ဟင်းသီးဟင်းရွက်စိုက်ခင်းတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
Dec 07,2024
နေပြည်တော်ကောင်စီ ဝန်ထမ်းများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လက်ရည်တစ်ပြင်တည်း မိသားစုသဖွယ် အသိအမှတ်ပြုသောအားဖြင့် မိတ်ဆုံညစာစားပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
Dec 07,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၄)ကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။