အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက သက်ဆိုင်ရာရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်နှင့် ခနောင်တိုအနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ရပ်ကွက်နေပြည်သူများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
Nov 08,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဇိနမာရ်အောင်စေတီတော်ဦးဆောင်နာယက ဦးဋ္ဌေးအောင်သည် တာဝန်ရှိသူများ လိုက်ပါလျက်နိုဝင်ဘာ၈ရက်နံနက်၉နာရီက သာကေတမြို့နယ်ကျက်သရေဆောင် ဇိနမာရ်အောင်စေတီတော် စတုတ္ထအကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် ပထမအဆင့် ငြမ်းဆင်ခြင်းသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။
Nov 07,2025
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စိန်နားပန်မီးပုံးပျံများနှင့် ညမီးကြီးမီးပုံးပျံများလွှတ်တင် ယှဥ်ပြိုင်ပွဲကို ယမန်နေ့ညက အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။
Nov 07,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း ၉ နာရီက ရှားဖြူကုန်း (၁) အ.မ.ကကျောင်း၌ ပြုလုပ်ခဲ့သည်။
Nov 07,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ငါန်းဇွန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် သုတရသစာအုပ်စာစောင်ပြပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Nov 07,2025
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅)သင်တန်းကို အောက်တိုဘာ (၁၃) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက်(၉)နာရီက သင်တန်းဆင်းပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 07,2025
ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပဲခူး) သင်တန်းခန်းမ၌ ယနေ့ နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ကြီးမှူး၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။