အမြို့မြို့အနယ်နယ်သတင်းများ

Nov 09,2025
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ဒုံးအကပြိုင်ပွဲကို ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့ပေါင်း(၂၀)တို့က ဘားအံမြို့ သီရိကွင်း ဒုံးစင်မြင့်၌ နိုဝင်ဘာ ၈ ရက် ညပိုင်းက ဒုံးအဖွဲ့များ၏ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ကပြဖျော်ဖြေယှဉ်ပြိုင်ကြသည်။
Nov 09,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျောင်းသားကျောင်းသူများ စာအုပ်စာပေများနှင့် ချစ်ခင်ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားစေရန်ရည်ရွယ်၍ ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း-ခွဲ (အလက-၁)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Nov 09,2025
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်‌မလေးများ ဘာသာတရားကိုင်းရှိုင်းပြီး ယဥ်ကျေးလိမ္မာစေရန်နှင့်အမျိုး၊ ဘာသာ၊သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBAမှ ပထမအကြိမ် ကျင်းပပြုလုပ်သည့် (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာ နှုတ်‌‌ဖြေပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ မြစေတီ စာသင်တိုက်ကြီး၏ ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြိုင်ပွဲဝင် ကျောင်းသူ၊ ကျောင်းသားလေးများ၏  (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာနှုတ်ဖြေပြိုင်ပွဲ ဝင်‌ရောက်ဖြေဆိုနေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
Nov 09,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မန္တလေးမြေငလျင်လှုတ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၈ ရက် ၃ နာရီခွဲက အဆိုပါ ဗိမာန်နားနေဆောင်တွင် ကျင်းပခဲ့သည်။
Nov 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မီးသတ်စခန်းနှင့် (၄) မိုင်ခန့်အကွာရှိ ၂၀ ရပ်ကွက် လှော်ကားလမ်းနှင့် ကန်တော်မင်္ဂလာလမ်းထောင့်၌ နိုဝင်ဘာ (၉) ရက် နံနက် (၇) နာရီ (၁၅) မိနစ်ခန့်တွင် wifi ကြိုးများ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
Nov 09,2025
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်နေအိမ်များအား အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဓဒသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
Nov 09,2025
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီခွဲက မင်းဘူး(စကု)မြို့နယ် ခန်ကုန်းကျေးရွာအုပ်စု၊ ဘုမ္မနိုးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ရတနာဇေယျုံ ဓမ္မာရုံတွင် ကျေးရွာအုပ်စုအတွင်းမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Nov 09,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်ခွဲကို နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီက ပြန်လည်စတင်ဖွင့်လှစ်သည့် အခမ်းအနားကျင်းပပြုလုပ်ရာ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။