ထန်းတပင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲကျင်းပ

ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မီးသတ်ဦးစီးဌာနတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၅)ကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာလ (၇)ရက်နေ့က သင်တန်းဆင်းပွဲအခမ်းအနားကိုအဆိုပါ ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်ကသင်တန်း ဆင်းအမှာ စကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဖြိုးဝေစိုးနှင့် တာဝန်ရှိသူများက ထူချွန်ဆုရသင်တန်းသားတစ်ဦးအားဆုများနှင့်သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များကိုပေးအပ်ခဲ့ကြောင်းသိရသည်။

မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သန္ဓေတပ်ဖွဲ့ဝင်များနှင့်လက်တွဲကာပူးပေါင်း၍ ဆောင်ရွက်သွားနိုင်ရန်အတွက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းကို တစ်လကြာဖွင့်လှစ်သင်ကြားပေးခဲ့သလို သင်တန်းသို့လည်း ရပ်ကွက်/ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)