ငရုတ်ကောင်း နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့နှင့် ကျေးရွာအုပ်စုများတွင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များက အကြမ်းဖက်ဖြစ်စဉ်များကြောင့် မြို့နယ်အတွင်းသို့ ပြောင်းရွေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆန်အိတ်များပေးအပ်ခြင်းကို နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီက ငရုတ်ကောင်းမြို့နှင့် ကျေးရွာအုပ်စုများရှိ ယာယီနေရပ်စွန့်ခွာသူများအား ငရုတ်ကောင်းမြို့၊ အမှတ် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်းက ယာယီနေရပ်စွန့်ခွာပြည်သူများအား မိမိတို့နေထိုင်နေသည့်အချိန်အခါတွင် အခက်အခဲများရှိပါက ဆွေးနွေးတင်ပြကြရန်ပြောကြားပြီး ဆန်အိတ်များပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ငပုတောမြို့နယ် ကြက်ခြေနီအသင်းမှတာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု(၅၁)စုအား စုစုပေါင်းဆန်အိတ်(၆၅)အိတ်အား လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)