အမြို့မြို့အနယ်နယ်သတင်းများ

Dec 07,2024
တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရွက်ပုန်းသီးမျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပသည်။
Dec 07,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ဒီဇင်ဘာအားကစားလပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ယနေ့နံနက်(၀၆:၁၅)နာရီအချိန် လဟယ်မြို့ရွှေပြည်သာအားကစားကွင်းမှစတင်၍ တာလံရပ်ကွက်၊ မြို့မရပ်ကွက်ဗီးကူလမ်းအတိုင်းချီတက်ကာ ရွှေပြည်သာအားစကားကွင်း၌ စုရပ်ပြုလုပ်ပြီး ကိုယ်လက်ကျန်းမာကြံ့ခိုင်စေဖို့ လေ့ကျင့်ခန်းများဆောင်ရွက်ကြပါသည်။
Dec 07,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ခရမ်းမြို့မဈေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 07,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့အောင်သီရိစျေး၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြခြင်းတို့ကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Dec 07,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု/နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျေးလက်လမ်းတည်ဆောက်ခြင်း လုပ်ငန်းခွင်များသို့ ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 07,2024
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ပြည်သူများယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းစေရန်နှင့် မော်တော်ယာဉ် ဥပဒေနည်းဥပဒေများအား သိရှိလိုက်နာကျင့်သုံးစေရန်အတွက် ရည်ရွယ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မုံရွာမြို့ စည်ပင်သာယာရေးအဖွဲ့ရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ အမှုဆောင်အရာရှိ ဦးထွန်းထွန်းနှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 07,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးများသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများရုံးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကြပြီး ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အထူးနေ့လယ်စာ စားပွဲသို့ တက်ရောက်ကြသည်။
Dec 07,2024
ဖောင်းပြင်မြို့ ရွှေဘုန်းပွင့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်နှင့် ဒီဇင်ဘာလ အားကစားပွဲတော် အမျိုးသား/ အမျိုးသမီး အလွတ်တန်းဖိတ်ခေါ် ဖူဆယ်‌‌ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၅-၁၂-၂၀၂၄ ရက်နေ့ ညနေ ၂ နာရီ အချိန်က စတင်ကာ မြို့နယ်အားကစားကွင်၌ ကျင်းပခဲ့သည်။