အမြို့မြို့အနယ်နယ်သတင်းများ

Nov 09,2025
 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်  ပြပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 08,2025
နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်သူများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Nov 08,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ပုဂံရှေးဟောင်းသုတေ  သနပြတိုက်သို့   ပြည်တွင်းပြည်ပလေ့လာရေးခရီးသွားများထံမှ (၈)လအတွင်း ပြတိုက် ဝင်ကြေးကောက်ခံရရှိမှု ကျပ် ၂၉၃၁၉၀၀၀ ကောက်ခံရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။
Nov 08,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓါတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး နည်းပညာပေးဆွေးနွေးပွဲအား နိုဝင်ဘာ ၈ ရက်၊ နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 08,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၏ကြီးကြပ်မှုဖြင့် ရေဖြူမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပုလဲကူ-ရေဖြူလမ်း ၁/၆ မိုင်ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းက လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာ၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက လုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 08,2025
ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မိုးစပါးအထွက်နှုန်း သိရှိစေရေးအတွက် နိုင်ဝင်ဘာလ ၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီက ကျီးမနိုးကျေးရွာအုပ်စု၊ ကျီးမနိုးကျေးရွာ၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်း၊ ကွင်းအမှတ် (၈၀၂-ခ) ၊ ဦးပိုင်အမှတ် (၂/၄) ၊ (၃.၅၀) ဧက၊ တောင်သူဦးမောင်ဆန်း၏ အောင်နိုင်တိုးမိုးစပါးအား စံကွက်ရိတ်သိမ်းခဲ့ကြကြောင်း သိရသည်။
Nov 08,2025
ထားဝယ်ရိုးရာယဉ်ကျေးမှုအက၊ အခြေခံကကွက်နှင့်အကဟန်များသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာဗိမာန်ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။