အမြို့မြို့အနယ်နယ်သတင်းများ

Dec 07,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊  ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပခဲ့သည်။
Dec 07,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မိုးစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကဖြူကျေးရွာ ဦးပိုင်အမှတ် (၁၀၁)၊ ကွင်းအမှတ် (၇၃၁)ရှိ တောင်သူ ဦးလင်းလင်း၏ မိုးစပါး (မှော်ဘီကောက်ညှင်း) စိုက်ဧက (၅)ဧကတွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
Dec 07,2024
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ အ.ထ.က(၂)ကျောင်း၊ သပြေညိုခန်းမ၌ ကျင်းပခဲ့သည်။
Dec 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  ကျောက်ဆည်မြို့နယ် ဒါန်းရွာကျေးရွာတွင် ယမန်နေ့နံနက် (၁၀)နာရီက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 07,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရေနံချောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 07,2024
ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေရွယ်ကလေးသူငယ်များ စာအုပ်စာပေများဖတ်ရှုလာစေရန်နှင့် အသိပညာဗဟုသုတများရရှိလာစေရန်အတွက် ငါးခုံစုကျေးရွှာ အလယ်တန်းကျောင်းခွဲတွင် အသိပညာပေး၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့ နေ့လယ် ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Dec 07,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်မောင်မယ်များအား ကာယ၊ ဉာဏ၊ မိတ္တ၊ ဘောဂ၊ စာရိတ္တဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် ဘက်စုံထူးချွန်ထက်မြက်သည့် လူရည်ချွန်လူငယ်များ ပေါ်ထွန်းလာရေး မျှော်မှန်းချက်ဖြင့် ရည်ရွယ်ပြုလုပ်သော "လူငယ်စကားဝိုင်း"ကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က(ကျေးနီ) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Dec 07,2024
ကျောင်းသား/ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေး၊ အထွေထွေဗဟုသုတများနှင့် သိသင့်သိထိုက်သော စည်းမျဉ်းစည်းကမ်း အကြောင်းအရာများ နားလည်သဘောပေါက်နိုင်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ (၅)ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။