ရေတာရှည် မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ရေတာရှည်မြို့ပေါ် ရပ်ကွက် (၅) အတွင်းရှိ နေအိမ်များအရောက် အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်သန်းသန်းမိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်ချင်းစီသို့ ကွင်းဆင်းကာ ပိုလောက်လန်းများရှိနိုင်သည့် ရေအိုး၊ ရေစည်၊ ရေခွက်များနှင့် ဘုရားပန်းအိုးများအတွင်းသို့ စစ်ဆေးကြည့်ရှုူခဲ့ကြပြီး ရေသုံးစွဲနေသည့် ရေအိုးနှင့် ရေစည်များအတွင်း အဘိတ်ဆေးများခပ်ခြင်းနှင့် ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)