ချမ်းအေးသာစံ မေ ၁၄
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်သည် မေ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့အခြေစိုက် အင်ဒိုနီးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr.Novan Ivanhoe Saleh၊ စီးပွားရေးသံမှူး Mr.Arvinanto Soeriaatmadja နှင့် သံမှူး Mr. Wahono Yulianto တို့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မန္တလေးတိုင်းဒေသကြီးနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးသည်။ တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးခင်မောင်အေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)