အမြို့မြို့အနယ်နယ်သတင်းများ

Nov 28,2025
၂၀၂၅ ခုနှစ်၊ ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြင်ဦးလွင်မြို့နယ် ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဖူဆယ်ဒိုင်လူကြီး သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်း ၂ နာရီက ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားခန်းမဆောင် ၁ ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။   
Nov 27,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နေအိမ်ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ ကြသည့် ပြည်သူများနှင့် ဝန်ထမ်းများနေထိုင်မှုအဆင်ပြေစေရန်အတွက် တန်ဖိုးသင့် အိမ်ရာများ ပြန်လည်ဆောက်လုပ်ပေးလျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ပေါ် ရပ်ကွက်များအတွင်း ပြည်သူများနှင့် ဝန်ထမ်းများ အတွက် နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 27,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ယနေ့ မွန်းလွဲ ၁ နာရီက လူငယ်စကားဝိုင်း ကျင်းပသည်။
Nov 27,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ယနေ့နံနက်ပိုင်းမှ စတင် ဆောင်ရွက်သည်။
Nov 27,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏(၇/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။
Nov 27,2025
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို ယနေ့နံနက် ၁ဝ နာရီက အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Nov 27,2025
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခလော့ကနိုင်းကျေးရွာ မုကွဲကုန်းကွင်းထွက်လမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ တက်ရောက်သည်။
Nov 27,2025
စစ်တွေမြို့တွင် ထင်ရှားကျော်ဇောသည့် လူပုဂ္ဂိုလ်များပေါ်ထွန်းခဲ့သည့် မြို့လည်းဖြစ်ကြောင်း၊ အာရှနေဝန်းဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ထင်ရှားသည့် ဆရာတော်တစ်ပါးဖြစ်ကြောင်း၊ သူဌေးကြီး ဦးရဲကျော်သူနှင့်၎င်း၏သားဖြစ်သူ ဥပဒေပညာရှင် ဦးချန်ထွန်းတို့ကဲ့သို့ ပုဂ္ဂိုလ်များလည်း ပေါ်ထွန်းခဲ့ကြကြောင်း၊ ထိုကဲ့သို့ သမိုင်းကြောင်းများနှင့် ပြည့်နက်နေသည့် စစ်တွေမြို့သည် ယခုလာမည့် ဇန်နဝါရီလတွင် နှစ်(၂၀၀) ပြည့်မြောက်မည်ဖြစ်သည့်အတွက် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောကြားသည်။