ပြည်ကြီးတံခွန် နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ယနေ့ မွန်းလွဲ ၁ နာရီက လူငယ်စကားဝိုင်း ကျင်းပသည်။
ဦးစွာ မန္တလေးခရိုင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ရာ လူငယ်စကားဝိုင်းတွင် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ Grade-9 ကျောင်းသူ မအိဖြူစင်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ဉာဏ်လင်းလတ်က လူငယ်နှင့် Social Media ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မအိသန္တာ ကျော်က လူငယ်နှင့် မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ယင်းလူငယ်စကားဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား/ သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စောလွင်နှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲမှ ကျောင်းသား/သူများက ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)