အမြို့မြို့အနယ်နယ်သတင်းများ

Nov 28,2025
ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသဖြစ်သည့် တနိုင်းခရိုင်၊ တနိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
Nov 28,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်မှ အမျိုးသမီးများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်အေးကျော်နှင့် အဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းက ဖလံရုံစံပြကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 28,2025
မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ ၂၀၂၆ ခုနှစ်၊ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို နှစ်စဉ်ကျင်းပမြဲဖြစ်သော (တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ရက်ပေါင်း (၈၆)ကြာ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။
Nov 28,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်သစ်ကျေးရွာ၊ ကင်မွန်းခြုံကျေးရွာနှင့် ဝတ်တိုးကျေးရွာတို့၌ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများအား Aiနည်းပညာ လက်တွေ့အသုံးပြုနည်းများ ကွင်းဆင်းသင်ကြားပေးခဲ့ကြောင်း သိရသည်။
Nov 28,2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများသည် ယမန်နေ့ကဖြစ်ပွားခဲ့သော  မီးလောင်မှုဖြစ်စဉ်ကြောင့် မီးဘေးသင့်ခဲ့သော ပြည်သူများကို သာယာဝတီမြို့နယ်၊ အနောက်ရိုးကြီးရပ်ကွက်၊ ကျွန်ကလေးတန်းလမ်းတွင် ယမန်နေ့နံနက် ၁၁ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 28,2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၁၀/၂၀၂၅ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေအကျဉ်းထောင်နှင့် ကျောက်ဖြူအကျဉ်းထောင်မှ  အကျဉ်းသား၊ အကျဉ်းသူ(၁၆)ဦး လွတ်မြောက်ကြောင်း သိရသည်။
Nov 28,2025
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။