Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ပထမမြန်မာ့အာမခံ (FNI) ကုမ္ပဏီတို့၏ MOU လက်မှတ်ရေးထိုးပွဲအခမ်းအနား တက်ရေ…
Nov 28,2025
ဧရာ၀တီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ပထမမြန်မာ့အာမခံ (FNI) ကုမ္ပဏီတို့၏ MOU လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဧရာ၀တီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ပထမမြန်မာ့အာမခံ (FNI) ကုမ္ပဏီမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် Grade -12 ကျောင်းသား/သူများနှင့် ဆရာ/မများအား တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
Nov 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ တောမြို့နယ်အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမတွင် ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် Grade -12 ကျောင်းသား/သူများနှင့် ဆရာ/မများအား တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Nov 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့များ တက်ရောက်ခဲ့ကြပြီး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက Vedio Conferencingဖြင့် တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကျွန်းစုမြို့၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံများတွင် အရန်အဖြစ် တာဝန်ပေးအပ်မည့်သူမ…
Nov 28,2025
တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံများတွင် အရန်အဖြစ် တာဝန်ပေးအပ်မည့်သူများအား ကျွန်းစုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ်၌ ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကွင်းသရုပ်ပြပွဲနှင့် တောင်သူများသို့ နေကြာမျိုးစေ့၊ ဓါတ်မြေသြဇာပေးအပ်ပွဲ ကျင်းပ…
Nov 28,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ဆီထွက်သီးနှံ(နေကြာ) မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကွင်းသရုပ်ပြပွဲနှင့် တောင်သူများသို့ နေကြာမျိုးစေ့၊ ဓါတ်မြေသြဇာပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီတွင် သန်လျင်မြို့နယ် သူဌေးကွင်းကျေးရွာ တောင်သူ ဦးပေါ်ဆန်း၏ လယ်မြေ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် အခြေခံပညာကျောင်းပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ
Nov 28,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက အမှတ် (၅) ရပ်ကွက်ရှိ မြို့နယ်အားကစားရုံတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်းကျင်းပ
Nov 28,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ နိုဝင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီက လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ် ထိပ်ကုန်းရပ်ကွက်အတွင်းရှိ ပြည်သူလူထုအား မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောသရုပ်ပြခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်
Nov 28,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေဆယ်ဦး၊ အရန် ၂၀ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းကာ ထိန်ကုန်းရပ်ကွက်အတွင်းရှိ ပြည်သူလူထုအား မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောသရုပ်ပြခြင်းနှင့်၊ စက်သုံးဆီဆိုင်များအား မီးဘေး လုံခြုံရေးအတွက်ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းကစတင်၍ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2359
Page
2360
Page
2361
Page
2362
Current page
2363
Page
2364
Page
2365
Page
2366
Page
2367
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department