အမရပူရမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ ကျင်းပ

အမရပူရ နိုဝင်ဘာ ၂၇

ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို ယနေ့နံနက် ၁ဝ နာရီက အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကိုကျင်းပရာ ပိန်းတန်းအခြေခံပညာမူလတန်းကျောင်းမှ Grade-4 ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။ 

စွမ်းရည်မြှင့်တင်ပြိုင်ပွဲများတွင် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲစသည့်ပြိုင်ပွဲအမျိုးအစား သုံးမျိုးပါဝင်ခဲ့ပြီး အဆိုပါပြိုင်ပွဲများတွင်  ဆုရရှိသူများအား စာရေးကိရိယာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)