အမြို့မြို့အနယ်နယ်သတင်းများ

Nov 28,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် သတင်းရေးသားရာတွင် အထောက်အကူပြုစေရန်၊ အရည်အသွေးကောင်းမွန်သော သတင်းများရေးသားနိုင်စေရန် ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်း အမှတ်စဥ်( ၄/၂၀၂၅)ကို နိုဝင်ဘာ ၂၅/ ၂၆ ရက် နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
Nov 28,2025
နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ နေပြည်တော်အချုပ်ထောင်၊ ဧည့်တွေ့နားနေဆောင်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ်(၁၀/၂၀၂၅) ဖြင့် ထုတ်ပြန်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကအရ ပြစ်ဒဏ်ကျခံလျက်ရှိသူများအား ရာဇဝတ်ကျင့်ထုံးဥပ‌ဒပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်များအ‌ပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
Nov 28,2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Nov 28,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုင်းရယ်မြို့မှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက နမ့်ရယ်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Nov 28,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မဲဆန္ဒရှင်စာရင်းများ (ဒုတိယ) အကြိမ် ကြေညာမှုကို နိုဝင်ဘာ (၂၁  ရက်မှစတင်၍ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာထားရာ ပြည်သူများ လာရောက်ကြည့်ရှုမှု (ပထမ) အကြိမ်ထက် ပိုမိုများပြားလာကြောင်း သိရသည်။
Nov 28,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Nov 28,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေး ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မင်းဘူးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 28,2025
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကြိုတင်မဲပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။