Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဂန့်ဂေါမြို့တွင် Myanmar Electronic Voting Machine မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 29,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် Myanmar Electronic Voting Machine မဲပေးစက် အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို အများပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ လူစည်ကားရာ နေရာများဖြစ်သည့် မြောက်ကုန်းရပ်ကွက် ပြည်သူ့ဆေးရုံကြီးရှေ့ရှိ ဗိုလ်ချုပ်လမ်းနှင့် မြစ်ရှောင်လမ်းဆုံနေရာ၊ မြို့အဝင် ခ.လ.ရ(၅၀)လမ်းဆုံနေရာနှင့် ကျောတိုက်ရပ်ကွက်ရှိ မြို့ပတ်လမ်းနှင့် မြစ်သာခန်းမလမ်းဆုံနေရာများတွင် ဖြန့်ဝေခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေး အရှိန်အဟုန်မြှင့် ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
Nov 29,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လည် (၂)နာရီအချိန်က အသက် (၉)နှစ်မှ အသက် (၁၁)နှစ်အတွင်း (၁၂)နှစ်မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေး အရှိန်အဟုန်မြှင့်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဦးစီး၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 29,2025
ဧရာဝတီတိုင်းဒေသကြီးရှိ မော်လမြိုင်ကျွန်းမြို့နယ်၌ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဥပဒေရုံး၌ပြုလုပ်ရာ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့်တကွ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသို့ သွားရောက်ကြည့်ရှုစစ်ဆေး
Nov 29,2025
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့အတွင်းရေးမှူး၊ မန္တလေးတပ်နယ်မှ တပ်နယ်မှူးနှင့် စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များလိုက်ပါပြီး ယမန်နေ့မွန်းလွဲပိုင်းက အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာရှိ ဆည်တော်ကြီးရေလှောင်တမံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမရပူရမြို့နယ်၌ ဧရာမင်း မိုးစပါး စံကွက်ရိတ်သိမ်း တစ်ဧက အစိုအထွက်တင်း ၁၁၅ ဒသမ၈၅ တင်းထွက်ရှိ
Nov 29,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာရှိ တောင်သူဦးစိုးနိုင်၏ ကွင်းအမှတ် ၅၇၀ (င) ၊ ဦးပိုင်အမှတ် ၆၈/၂ ဂျိုကုန်းကွင်းရှိ ဧရာမင်း မိုးစပါး စိုက်ဧက ၂ ဒသမ၄၉ ဧကကို နိုဝင်ဘာ ၂၉ နံနက်နေ့ ၈ နာရီခွဲက အမရပူရမြို့နယ် မြေစာရင်းဦးစီးဌာနက ဦးဆောင်၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော်၊သံဃာတော်များနှင့် သာသနာနွယ်ဝင်များအား ဆွမ်းဆန်စိမ်းလောင်းလှူ
Nov 29,2025
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီး ၆ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်း လှူပွဲနှင့် သီလရှင်ကျောင်းတိုက် ၇ ကျောင်းမှ သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းများလောင်းလှူပွဲကို နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းမြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်
Nov 29,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈)နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ နိုဝင်ဘာလ (၂၇)ရက်နေ့မှစတင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို၊ဘွဲ့လွန် ပထမနှစ်ဝက်သင်တန်းသားများ အေးချမ်းပျော်ရွှင်စွာ ဆက်လက်ပညာသင်ကြား
Nov 29,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တအုံကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို၊ဘွဲ့လွန် ပထမနှစ်ဝက်သင်တန်းသားများကို နိုဝင်ဘာလ ၂၄ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရာ နိုဝင်ဘာလ ၂၉ ရက်နေ့တွင်လည်း အေးချမ်းပျော်ရွှင်စွာ ဆက်လက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2363
Page
2364
Page
2365
Page
2366
Current page
2367
Page
2368
Page
2369
Page
2370
Page
2371
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department