အမြို့မြို့အနယ်နယ်သတင်းများ

Nov 27,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးတာဝန်ခံ၊ ဈေးသူဈေးသားများနှင့်အတူ ဘုရင့်နောင်ဈေးကြီးအတွင်း၌ ယမန်နေ့ညနေ ၃ နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 27,2025
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေငြာပေးလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုမှုအပြင် မိမိမဲစာရင်းပါမပါအားသိရှိနိုင်ရန်အတွက် ယနေ့နံနက် ၁၀ နာရီက ကေ့ာကရိတ်မြို့ ရပ်ကွက်/ကျေးရွာအုပ်စု တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှု‌ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
Nov 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းကို အမှတ်(၁)ရပ်ကွက် မင်းရဲကျော်စွာလမ်းရှိ မြို့နယ်အားကစားခန်းမတွင် နိုဝင်ဘာ ၂၇ ရက် နံနက် ၉ နာရီခွဲက ဖွင့်လှစ်ကြောင်း သိရသည်။
Nov 27,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၁၅၄၄ ဧကထိ ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် စပါး ၉၂ ဒသမ ၇၁ တင်းနှုန်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Nov 27,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန်ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မင်းဘူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Nov 27,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံအသီးသီးတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများအား လုပ်ငန်းလမ်းညွှန်နှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်လျက်ရှိရာ၊ နိုဝင်ဘာ ၂၇ ရက်နေ့က ဒုတိယအသုတ်သင်တန်းကို သင်တန်းသား ဆရာ/ဆရာမ ၁၃၈ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
Nov 27,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ခန်းမ၌ ဖွင့်လှစ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောင်ပွဲအရာရှိနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတွင် ပါဝင်သည့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
Nov 27,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မဲရုံမှူးနှင့် ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ပို့ချခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)သရဖီခန်းမတွင်ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဆယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်နှင့် ဝန်ထမ်းများ၊ မဲရုံမှူးနှင့် ဒုမဲရုံမှူးများ တက်ရောက်ခဲ့ကြသည်။