ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ Coronavirus Disease 2019 (ကိုဗစ်-၁၉) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေ့စဉ် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း ဖြတ်သန်းဝင်ရောက်လာသူများအား ကျန်းမာရေး စစ်ဆေးခြင်း ခရီးသွား ရာဇဝင်စိစစ်ခြင်း၊ သက်ဆိုင်ရာဒေသအလိုက် ဒေသထောက်ခံစာများ စိစစ်ခြင်းနှင့်ရပ်ကွက်များ၊ လမ်းများ၊ စျေးများ၊ လူထူထပ်ရာနေ ရာများတွင်နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများအား ဒဏ်တပ်အရေးယူခြင်း၊ ခိုင်လုံသည့် အထောက်အထားပြသနိုင်ခြင်း မရှိသူများအား မြို့နယ်အတွင်း ဖြတ်သန်းဝင်ရောက်ခွင့်မပြုခြင်း တို့ကိုဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)