သဲကုန်း ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့နှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲများ ဖြစ်သည့်အင်ပင်လှ ကျေးရွာမှ ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့များသည် ယမန်နေ့က Mask Campaign နှင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုတီးမြို့မှ ကျန်းမာရေးဝန်ထမ်းများ၊ အင်ပင်လှကျေးရွာမှ ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့များသည် မိမိတို့ကျေးရွာများရှိ လူစည်ကားရာ နေရာများတွင် သွားလာလှုပ်ရှားနေသောပြည်သူများအား Mask များ အမဲ့ဝေငှခြင်း၊ Mask အသစ်နှင့် အဟောင်းလဲလှယ်ပေးခြင်းနှင့်Mask တပ်ဆင်ရာတွင် စနစ်တကျတပ်ဆင်ကြရန် အသိပညာပေး ပြောကြားခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ လုပ်ငန်းစဉ် များအား အပတ်စဉ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)