အမြို့မြို့အနယ်နယ်သတင်းများ

Jan 21,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခန့်တွင် မြို့နယ်မိခင်၊ ကလေးကျန်းမာရေးဌာန၌ ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးခဲ့သည်။
Jan 21,2021
ကိုဗစ်-၁၉ ​ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် နိုင်ငံတော်သို့ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀နာရီခွဲ အချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့ က ယနေ့ နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Jan 21,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှ အလှူရှင်များက နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရေးအတွက် ယမန်နေ့အထိ ကျပ်သိန်း ၁၆၀၀ ကျော် လှူဒါန်း ထားရှိပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဘဏ္ဍာရေးဆပ်ကော်မတီက သိရသည်။
Jan 21,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်ရုံး ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးနှင့် မီးသတ်ဦးစီးဌာနရုံး တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၁ နာရီ က ထားဝယ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
Jan 21,2021
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ချင်းပြည်နယ် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဝန်ထမ်းအိမ်ရာ RCC(၄)ခန်းတွဲ(၂)ထပ် ဝန်ထမ်းအိမ်ရာ (102’’×25’×19’-6’’) တည်ဆောက်မည့် မြေနေရာအား မြေနေရာ၌ ပန္နက်တင် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မတူပီခရိုင်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ မြေနေရာ၌ ကျင်းပခဲ့သည်။
Jan 21,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် နတ်မောက်မြို့နယ် (Backhole) လုပ်ငန်းကြီးကြပ်ဆောင်ရွက်ရေးအဖွဲ့မှ ငွေကျပ် သိန်း (၁၀၀) ပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့လည် (၂) နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း ဝေးခန်းမ၌ ပေးအပ်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။