အမြို့မြို့အနယ်နယ်သတင်းများ

Jan 21,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၄၅၀)ကို ယမန်​နေ့က ရေပူကြီးကျေးရွာအုပ်စုရေပူကြီးကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Jan 21,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ခြင်းနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ တွင် ထောက်ပံ့ပေးအပ်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ဝမ်ပုံကျေးရွာအုပ်စုတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည်ရွေးချယ် ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေး အဖွဲ့ (၅)ဦး ရွေးချယ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဝမ်ပုံကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ရာ ကျေးရွာ (၁၃) ရွာမှ ပြည်သူ (၇၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
Jan 21,2021
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၆ခုနှစ်မှ ၂၀၂၀ခုနှစ်အထိ ငါးနှစ်တာကာလတွင် မီးလောင်မှု ၁၂၀၃ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ်သန်းပေါင်း ၃၇၂၉.၇၄၅သန်း ဆုံးရှုံးခဲ့ကြောင်း  မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
Jan 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဘူတာရပ်ကွက် အောင်စိုးမိုးကားဂိတ် အနီး ရန်ကုန်-ပြည်လမ်းပေါ် တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းအချိန်က ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦးအား စွန်လွှတ်ရာ တွင် အသုံးပြုသော မှန်စာအပ်ချည် ကြိုး လည်ပင်းရစ်ပတ်ရာမှ သေဆုံးမှုဖြစ်ပွားခဲ့သည်။
Jan 21,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ နွေစပါးနှင့် ကြံစိုက်တောင်သူများအား ၂၀၂၁-ခုနှစ် မိုးကြိုကာလ ချေးငွေများထုတ်ချေးခြင်းကို ယမန်နေ့က ညောင်ရွှေမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
Jan 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ဒုံအုံးရပ်ကွက်တွင် တစ်ဖက်တစ်လမ်း မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ဈေးကွက်ဝင်လီလီပန်းကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Jan 21,2021
နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေစာရင်းသို့ ပါဝင်လှူဒါန်းနိုင်ရန် အလှူခံဌာနကို ယမန်နေ့နံနက်ပိုင်း က စတင်၍ မြို့နယ်သာသနာပြုဗိမာန်တော်ကြီးတွင် အလှူခံဌာနဖွင့်လှစ်ကြောင်း သိရသည်။