ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် နိုင်ငံတော်သို့ အလှူငွေများ ပေးအပ်လှူဒါန်း

ဟားခါး         ဇန်နဝါရီ        ၂၁

ကိုဗစ်-၁၉ ​ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် နိုင်ငံတော်သို့ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀နာရီခွဲ အချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပေးအပ်ရာတွင် ချင်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ အလှူငွေကျပ်(၁၀)သိန်းနှင့် ချင်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ အလှူငွေကျပ်(၁၀)သိန်း စုစုပေါင်း အလှူငွေကျပ် သိန်း(၂၀)ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ မှတစ်ဆင့် နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းတို့က လက်ခံရယူ ခဲ့ကြကြောင်းသိရှိရသည်။

ကိုဗစ်-၁၉ ​ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို နိုင်ငံတော်မှ အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်နည်းတူ ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အောင်ခွီရှိန်း၊ခရိုင်(ပြန်/ဆက်)