ရေနံချောင်းမြို့စက်မှုလက်မှုသိပ္ပံကျောင်းနှင့် ရေနံချောင်းတက္ကသိုလ်ကျောင်းများတွင် ကျန်းမာရေးအသိပညာပေး ဗီနိုင်းဆိုင်ဘုတ်များစိုက်ထူခြင်းနှင့် ပိုစတာများ ချိတ်ဆွဲခြင်း ဆောင်ရွက်

ရေနံချောင်း ဒီဇင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့စက်မှုလက်မှုသိပ္ပံကျောင်းနှင့် ရေနံချောင်းတက္ကသိုလ် ကျောင်းများတွင် ဒီဇင်ဘာလ(၂၄)ရက်နေ့ ယမန်နေ့နံနက်(၁၀) နာရီအချိန်ခန့်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကျန်းမာရေးအသိပညာပေးဗီနိုင်း ဆိုင်ဘုတ်များ စိုက်ထူခြင်းနှင့် ပိုစတာများချိတ်ဆွဲခြင်းများဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအသိပညာပေးဆောင်ရွက်မှုတွင် ရေနံချောင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးရဲလင်းအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးဦးစီးဌာန ဒေါက်တာဆန်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းဌေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ် မိခင်နှင့် ကလေးစောက်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အရံမီးသတ်တပ်ဖွဲ့ဝင်တို့က ရေနံချောင်းမြို့စက်မှုလက်မှုသိပ္ပံ ကျောင်းနှင့်ရေနံချောင်း တက္ကသိုလ်ကျောင်းများမှ ကျောင်းအုပ် ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊  ကျောင်းဝန်ထမ်းများနှင့်အတူပူးပေါင်း၍ ရေနံချောင်းမြို့စက်မှုလက်မှုသိပ္ပံကျောင်းနှင့် ရေနံချောင်းတက္ကသိုလ် ကျောင်းများရှိ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရေး ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးအတွက် "သင်ကြား၊ သင်ယူမှုမထိခိုက်စေဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့" ဗီနိုင်းများ စိုက်ထူခြင်းနှင့် ကျန်းမာရေးအသိပညာပေး ပိုစတာများကို မြင်သာထင်သာရှိသောနေရာများတွင် ချိတ်ဆွဲခြင်းတို့ကို ရေနံချောင်းမြို့ စက်မှုလက်မှု သိပ္ပံကျောင်းနှင့် ရေနံချောင်းတက္ကသိုလ်တို့ရှိ ကျောင်းဝန်းများအတွင်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ငြိမ်းငြိမ်းအိ