သထုံမြို့၌ (၆၈)ကြိမ်မြောက် အဘိဓမ္မာ(ရိုးရိုး) စာဖြေပွဲ ကျင်းပ

သထုံ     ဒီဇင်ဘာ      ၂၅

 

မွန်ပြည်နယ်၊ သထုံမြိုနယ်တွင် သာသနာရေးဦးစီးဌာနမှကျင်းပပြုလုပ်သော(၆၈) ကြိမ်မြောက်အဘိဓမ္မာ(ရိုးရိုး)စာမေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြသပိတ်တောင်ခြေ၊ သဒ္ဒမ္မဇောတိကာရာမကျောင်းတိုက်ဝင်းအတွင်းရှိ သုဝဏ္ဏဘူမိပရိယတ္တိသာသနာ့ဟိတအသင်း စာဖြေဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

သထုံစာဖြေဌာန၌ ပထမဆင့် အဘိဓမ္မာ(ရိုးရိုး)ကို ဖြေဆိုရန် သီလရှင်(၈၁)ပါးနှင့် လူပုဂ္ဂိုလ်(၄)ဦး စာရင်းပေးသွင်းထားသည့်အနက် သီလရှင်(၇၁) ပါးနှင့်လူပုဂ္ဂိုလ်(၄)ဦး စုစုပေါင်း (၇၅)ဦး လာရောက်ဖြေဆိုခဲ့ကြ‌ပြီး သထုံမြို့နယ်သံဃာ့နာယကအဖွဲ့မှ ဆရာတော်သံဃာတော်များ၊စာမေးပွဲကြီးကြပ်အဖွဲ့များ၊ ပရဟိတဘာသာရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူတို့က ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်