သံတွဲမြို့ သိမ်ကုန်းကျောင်းတိုက်ဆရာတော်၏ သက်တော်(၅၀)ပြည့် ဝိဇာတမဂ်လာနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လှူဒါန်းသည့် မဏိကေသဓမ္မာရုံ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

သံတွဲ ဒီဇင်ဘာ ၂၅

သံတွဲမြို့သိမ်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇိန္ဒ၏ ယနေ့တွင် ကျရောက်သည့် သက်တော် (၅၀) ပြည့် ဝိဇာတမဂ်လာနှင့် ဗျာဒိတ်တော်ရ ရွှေဆံတော်ရင်ပြင်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လှူဒါန်းသည့် မဏိကေသဓမ္မာရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ နံနက် ၉ နာရီက အဆိုပါဓမ္မာရုံတော်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို ပင့်ဖိတ်၍ ကြွရောက်တော်မူကြသည့် သံတွဲခရိုင်အတွင်းရှိ ဝါတော် (၅၀) နှစ်နှင့်အထက် သက်တော်ရှည် ဆရာတော်ကြီး အပါးငါးဆယ့်တစ်ပါးနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွက်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးတော် မူကြသည်။ ထို့နောက် တရော်တော တိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တဣန္နာစာရထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလခံယူ ဆောက်တည်တော်မူကြပြီး ကြွရောက်တော်မူကြသည့် ဆရာတော်သံဃာတော်များက မေတ္တာသုတ်၊ ပရိတ်၊ တရားတော်များ ဟောကြား ချီးမြှင့်တော်မူကြသည်။

ဆက်လက်၍ သံတွဲမြို့သိမ်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒ န္တတေဇိနမှ သံတွဲခရိုင် အတွင်းရှိ ဝါတော် (၅၀)နှစ်နှင့် အထက် သက်တော်ရှည်  ဆရာတော်ကြီး အပါးငါးဆယ့်   တစ်ပါးအား ဝမ်းမြောက်စကားလျောက်ထားတော်မူပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး  ညွှန်ကြားရေးမှူး ဦးသိန်းဇော်လတ်က ဝမ်းမြောက်စကား လျောက်ထားတော် မူကြသည်။ ထို့နောက် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး ဝင်းဗိုလ် က သာသနာရေးဆိုင်ရာများနှင့် ဝမ်းမြောက်စကားများကို လျောက်ထားတော်မူခဲ့ကြသည်။

သံတွဲမြို့၊ ဗျာဒိတ်တော်ရ ရွှေဆံတော်ရင်ပြင်တွင် တည်ဆောက်ပြီးစီးပြီး ယခုဖွင့်လှစ် ‌ရေစက်သွန်းချ အမျှပေးဝေခဲ့သည့် မဏိကေသ ဓမ္မာရုံကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ငွေကျပ်သိန်းတစ်ထောင် မတည်လှူဒါန်း ဆောက်လုပ်ခဲ့ကြောင်း ပြည်နယ်ဦးစီးမှူးထံမှ သိရှိရ သည်။

ပြီးနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ပြည်နယ် ဦးစီးမှူး  ညွှန်ကြားရေးမှူး ဦးသိန်းဇော်လတ်၊ ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်နှင့် အလှူရှင်များက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုနှင့် နဝကာမ အလှူငွေ များ ဆက်ကပ်လှူဒါန်းကြပြီး အလှူဒါန်းမှု အစုစုတို့အတွက် တရော်တောတိုက်ကျောင်းဆရာတော် ရေစက်ချတရားတော် များနှင့် ဩဝါဒကဓာနာ ယူကြကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် အခမ်းအနားကို ဗုဒ္ဓသရနံစိရံတိဌတု (၃) ကြိမ် ရွက်ဆို ဆုတောင်း၍ အောင်မြင်စွာပြီးမြောက်ခဲ့သည်။ ဆက်လက်၍ သိမ်ကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော်က အခမ်းအနား အောင်မြင်စွာပြီးမြောက်ခြင်း အထိမ်းအမှတ်အဖြစ် ရွှေမိုး၊ ငွေမိုးများ ရွာသွန်းပေးကာ ဆရာတော်ကြီးများအား နေ့ဆွမ်းကပ်လှူခဲ့ ကြပြီး ဧည့်ပရိတ်သတ်များကို နေ့လယ်စာဖြင့် စတုသီတာ တည်ခင်းဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်