အမြို့မြို့အနယ်နယ်သတင်းများ

Jan 21,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင်းတွင် ယခုကာလအတွင်း  နှမ်းဈေးနှုန်း များ ကျဆင်းပြီး လက်ကားဈေး   တစ်ပိဿာလျှင်  ငွေကျပ် (၃၀၀၀) သာရှိတော့သဖြင့် နှမ်း ဈေးတက်ရန် မျှော်လင့်ပြီး လှောင်ထားသောတောင်သူများ အရှုံးပေါ်နေကြောင်း နှမ်းစိုက် တောင်သူတစ်ဦးထံမှ သိရသည်။
Jan 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီး- ဟုမ္မလင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဂိတ်တွင် နှာခေါင်းစည်း (၂၀၀) ခုနှင့် အလှူငွေ ၅၀၀၀၀ ကျပ်ကို ယနေ့တွင် ထောက်ပံ့ခဲ့ကြောင်း သိရ သည်။
Jan 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ မြို့မစျေး၌ စျေးရောင်းချသူများနှင့် စျေးဝယ်လာသူများအား ကိုဗစ်-၁၉ရောဂါ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Jan 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 21,2021
ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီး ရွယ်အို ဘိုး/ဘွား များအား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်(ပထမ)အကြိမ်ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 21,2021
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ နှင့် အမျိုးသမီး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ အသိပညာပေး (Child Rights Law Awareness)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jan 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ရပ်မိရပ်ဖ ၅ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ဝင် ရွေးချယ်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်ခန့် က အဖွဲ့(၄) နမ့်ပန်ကျေးရွာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 21,2021
ပြည်သူများ နေ့စဉ် စားသောက် သုံးစွဲနေသော စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများအား ဘေးအန္တ ရာယ် ကင်းရှင်းရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ မြိတ်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီး ကြပ်ကွပ်ကဲရေး ကော်မတီတို့မှ ဇန်နဝါရီလ(၂၁)ရက် နံနက်ပိုင်းက ကလွင်ကျေးရွာ ဦးနီတိုး ပုဂ္ဂလိကဈေးရှိ စားသောက် ကုန်၊ အလှကုန်အရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေး ခဲ့ကြပြီး စားသောက်ကုန်များ နမူနာဝယ်ယူ၍ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စစ်ဆေးခဲ့ကြသည်။