ဖားကန့် ဒီဇင်ဘာ ၂၅
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့် အဖွဲ့ဝင်များ၊ ကိုယ်ထူကိုထကွန်ကရစ်လမ်း ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် အတူ ယမန်နေ့နံနက် (၉) နာရီတွင် ကိုယ်ထူကိုယ်ထကွန်ကရစ် လမ်းများ ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ကိုယ်ထူကိုယ်ထလမ်းများ ခင်းခြင်းလုပ်ငန်းများကို ဆိပ်မူကျေးရွာ ယူမာတံတားထိပ်မှ ခိုင်ကြည်စင် စက်သုံးဆီဆိုင်အထိ လမ်းအရှည် (၁) မိုင် (၃) ဖာလုံနှင့် အမြင့် (၈) လက်မ၊ အကျယ် (၂၄) ပေရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ဆိပ်မူကျေးရွာမှ မှော်ရှန်ကျေးရွာ အထိ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းရန် လျာထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဆိပ်မူကျေးရွာအုပ်စု ယူမာကျေးရွာရှိ ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ ဆောက်လုပ်လျက်ရှိသော ကျောက်မျက်အရောင်းစင်တာ အဆောက်အအုံ ဆောက်လုပ်နေမှု၊ မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောက်လုပ်လျက်ရှိသည့် အထပ်မြင့်ဝန်ထမ်း အိမ်ယာများ တည်ဆောက်နေမှုနှင့် ကားကြီးဝင်းတည်ဆောက်ရန် လျာထားသည့် မြေနေရာတို့အား သွားရောက်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းသည် နံနက် (၁၀) နာရီတွင် မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဖားကန့်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံပြီး ဖားကန့်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွမ်းခြုံထိုးနှံပေးနိုင်ရေးကိစ္စရပ်များ၊ မြေပြိုမှုဖြစ်စဉ်များနှင့် ပတ်သက်၍ သဘာဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးကိစ္စရပ်များနှင့် ပန်းခင်းစီမံချက် ဖြင့် ဥပဒေအရ နိုင်ငံသားတိုင်း နိုင်ငံသားမှတ်ပုံတင်ရရှိရေး ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး မှူးများအနေဖြင့် ပရဟိတလူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက ဒီဇင်ဘာလအတွင်း ဖားကန့်မြို့နယ်၌ မြေစာလျှောကျမှု ဖြစ်စဉ်များကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုဝင်များအတွက် ကချင်ပြည်နယ အစိုးအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများကို လူတစ်ဦးလျှင် ငွေကျပ် (၅) သိန်းနှုန်းဖြင့် ကျန်ရစ်သူမိသားစုဝင်များထံ အသီးသီးထောက်ပံ့ပေး အပ်ခဲ့သည်။
ယင်းနောက် ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းများအား ကွန်ပျူတာစနစ်ဖြင့် Data Base ဖြည့်သွင်းရာတွင် ပညာရေး ဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ စုပေါင်းရုံး၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ နှင့် တွေ့ဆုံလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)