ပေါက်တော ဒီဇင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က လွတ်လပ်ရေးနေ့ကို အစဥ်သတိရနေကြစေရန်၊ အားလပ်သည့်အချိန်များတွင် စာကြည့်တိုက်သို့ အမြဲမပြတ်ဝင်ထွက်သွားလာကြပြီး စာဖတ် စာငှားကြရန်နှင့် ပြိုင်ပွဲစည်းကမ်း ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်ပုံပြင်ပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ထ(ခွဲ)မြို့မကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဆုရရှိ သူများအား မြို့နယ်ဦးစီးမှူးနှင့် Book Club အဖွဲ့တို့မှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး၊ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပေါက်တော(ပြန်/ဆက်)