ငွေဆောင် ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေ တွင်ခရစ္စမတ်ရုံးပိတ်ရက် ဖြစ်သည့်ယနေ့ (၂၅.၁၂.၂၀၂၁)ရက်နေ့တွင် လာရောက်အပန်းဖြေသူများဖြင့် စည်ကား လျှက်ရှိသည်။
ငွေဆောင်ကမ်းခြေသည် သဲသောင်ပြင်သန့်ရှင်းခြင်းနှင့် ပင်လယ်ရေကြည်လင်ခြင်းတို့ကြောင့် ပင်လယ်ရေစိမ်ခြင်း၊ ရေကူးခြင်းဖြင့် အနားယူရန်နေရာကောင်းဖြစ်၍ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် များအထူး စိတ်ဝင်စားသောနေရာတစ်ခုဖြစ်သည်။ ငွေဆောင်ကမ်းခြေမှ တစ်ဆင့်အနီး ဝန်းကျင်ရှိ မြွေကျွန်း၊ ချစ်သူများကျွန်း၊ ငှက်ကျွန်း၊ ကျွန်းလျားရှည်၊ ဆင်မကျွန်း နှင့်ဘုရားသုံးဆူ၊ မိုးမခဆင် စခန်းများသို့သွားရောက် လည်ပတ်နိုင်သည်။ အပန်းဖြေ လာရောက်သူများဘေးကင်း လုံခြုံစိတ်ချစွာအပန်းဖြေအနားယူနိုင်ရေး အတွက်ကမ်းခြေ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကမ်းခြေတစ်လျှောက် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဏ္ဏဝါမောင်(ပုသိမ်)