ရမ်းဗြဲမြို့၌ ပဉ္စမအကြိမ်မြောက် နိဗ္ဗာန်ဈေးပွဲတော်ကျင်းပ

ရမ်းဗြဲ  ဒီဇင်ဘာ  ၂၆

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကင်းတဲရပ်ရှိ ရှေးဟောင်းသမိုင်းဝင် မင်းတရားဖူးစေတီတော်မြတ် ဘက်စုံတည်ဆောက်ပြုပြင်နိုင် ရန်ရည်ရွယ်လျက် ယမန်နေ့ ညနေပိုင်းအချိန်မှ စတင်ပြီးပဉ္စမအကြိမ်မြောက် နိဗ္ဗာန်ဈေးပွဲတော်ကို ကျင်းပကြကြောင်း သိရသည်။

နိဗ္ဗာန်ဈေးပွဲတော်ကျင်းပရာတွင် ရပ်ကွက်အတွင်းနေပြည်သူများမှ တစ်အိမ်လျှင်မုန့်တစ်မျိုးကျစီ ပြုလုပ်ကြရပြီး နံပါတ်စဉ် ၁ မှ ၂၅၀ အထိ မဲစနစ်ဖြင့် နံပါတ်များကိုချိတ်ဆွဲထားကြရခြင်းဖြစ်သည်။  လာရောက်ကြသည့် ပရိတ်သတ်များပျော်ရွှင်ကြစေရန်အတွက် ဗလာမပါကံစမ်းမဲစနစ်ဖြင့် ပစ္စည်းမျိုးစုံကိုလည်းကံစမ်းမဲဖေါက်ပေးခြင်း၊ ကံစမ်းခွင့်မရရှိသည့် နံပါတ်များကိုရရှိသူများက ရရှိထားသည့် နံပါတ်စဉ်ကိုလိုက်ရှာကာ ရပ်ကွက်အတွင်းနေပြည်သူများမှ ဝေငှပေးသည်မုန့်များကိုရရှိကြသည်၊ ပွဲတော်အတွင်း ဒေသလုပ်မုန့်များနှင့် အခြားသောမုန့်အမျိုးပေါင်းများစွာ ပါဝင်ကြောင်းသိရ သည်။

အဆိုပါ နိဗ္ဗာန်ဈေးပွဲတော်ကို ၂၀၂၁-ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့ မှ (၂၇)ရက်နေ့ထိ ၃ ည တိုင်တိုင်ကျင်းပပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်နိုင်