အလုံ ဒီဇင်ဘာ ၂၆
ကိုဗစ်.-၁၉ကာလနှင့် ကိုဗစ်.-၁၉ကာကွယ်ဆေး ထိုးလုပ်ငန်းစဥ်များတွင် ကူညီဆောင်ရွက်ပေးသော ပရဟိတအသင်းအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှမ်များ ပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ(၂၄)ရက်နေ့၊ မွန်းလွဲ(၂း၀၀) နာရီအချိန်က အလုံမြို့နယ်အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ၊ သီရိရတနာခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်ဇော်နိုင်တို့က ကိုဗစ်.-၁၉ ကာလနှင့်ကာကွယ်ဆေးထိုးလုပ်ငန်းစဥ်များတွင် မွန်မြတ်သော စိတ်စေတနာဖြင့် ကူညီဆောင်ရွက်ပေးသော ပရဟိတ အသင်းများအား ကျေးဇူးတင်ဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ကိုဗစ်.-၁၉ ကာလနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းစဥ်များတွင် ကူညီဆောင်ရွက်ပေးသော ပရဟိတအသင်း (၄)သင်း၊ အရန်မီးသတ်တပ်ဖွဲ့ ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမူဝန်ထမ်းဦးစီးဌာနတိူ့အား ဂုဏ်ပြုငွေများနှင့် ဂုဏ်ပြု၊မှတ်တမ်းလွှာများပေးအပ်ခြင်း၊ ပရဟိတအသင်းအဖွဲ့များအား အဖွဲ့ဝင်စီစစ် ရေးကဒ်၊ မော်တော်ယာဥ် စီစစ်ရေးကဒ်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဆန်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်ဇော်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ၊ပရဟိတအသင်းအဖွဲ့များ ၊အရန်မီးသတ် တပ်ဖွဲ့ ဝင်များ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်