မင်္ဂလာဒုံ ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေးစုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ပြည်တော်ပြန်များအား မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးစင်တာတွင် ထားရှိပြီး RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက ဓာတ်ခွဲအတည်ပြု၍ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးစင်တာတွင်တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကိုဗစ်စင်တာမှသန့်ရှင်းရေးဝန်ထမ်းများအား ရောဂါကူးစက်မှုများ မဖြစ်ပေါ်စေရန်အတွက် ယမန်နေ့နံနက်(၉)နာရီမှစ၍ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိRDT Test Kit ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ဓာတ်ခွဲအတည်ပြု စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
သန္တာ