ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဒဂုံ ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံ၊ ရင်ပြင်တော်၊ အလယ်ပစ္စယံနှင့် အောက်ပစ္စယံတို့တွင် ယမန်နေ့နံနက် (:၀၀) နာရီ အချိန်က ဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့များဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ပါသည်။

အဆိုပါ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သန့်ရှင်းရေးဆောင်ရွက်ရာ၌ ရန်ကုန်တိုင်းဒေသကြီးရုံးမှဝန်ထမ်း (၂၀၀)ဦး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်း (၄၀၀) ဦး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် (၈၀) ဦး မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင် (၁၂၉) ဦး စုစုပေါင်းအင်အား (၈၀၉) ဦး ဖြင့် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ဒဂုံမြို့နယ်