Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်စေ့စပ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ ဖွဲ့စည်းပြီး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
Feb 23,2021
ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် မငြိမ်သက်မှုဖြစ်စဉ်များတွင် ထိခိုက်မှု အနည်းဆုံးဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်စေ့စပ်ညှိနှိုင်း ဖြန်ဖြေရေး အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ပြည်နယ် ကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉နှင့်အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
Feb 23,2021
ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ စည်းကမ်းသက်မှတ်ချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေးနေမှုကို လစဉ် (၂၁)ရက်မှစ၍ လမကုန်ခင်တစ်ရက်အထိ ထုတ်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့၌ နိုင်ငံ့ဝန်ထမ်း(ပင်စင်စား)များ၏ ဖေဖော်ဝါရီလအတွက် ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
Feb 23,2021
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ပေါ်ရှိ ရပ်ကွက်/ ကျေးရွာများတွင် နေထိုင်ကြသည့်နိုင်ငံ့ဝန်ထမ်း(ပင်စင်စား)များ၏ ဖေဖော်ဝါရီလအတွက် ပင်စင်လစာများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မန်တုံမြို့တွင် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်
Feb 22,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေပေးဝေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းဦးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ဖေဖော်ဝါရီလ (၂၀) ရက်နေ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာသစ်မြို့၌ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ လှည့်လည်ဆောင်ရွက်
Feb 22,2021
ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် မီးလောင်မှုများ၊ မီးလန့်မှုများ မဖြစ်ပွားစေရန် ရည်ရွယ်၍ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၇)နာရီအချိန်က မြို့တွင်းရပ်ကွက် များသို့ လှည့်လည် ဆော်ဩခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ထန်တလန်မြို့၌ ကျင်းပ
Feb 20,2021
(၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီကချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ် ကိုယ်စားပြု သဘာပတိ(၉)ဦးက နေရာယူကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း မုံရွာမြို့ အမှတ်(၄) တပ်မတော် ဆေးရုံး(ခုတင်-၃၀၀)တွင် တက်ရောက်ကုသနေသော ပြည်သူများအား လို…
Feb 20,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးမောင်မောင်လင်းသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့်အတူ ကောင်စီအဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ နံနက်(၉)နာရီက မုံရွာမြို့ အမှတ်(၄)တပ်မတော်ဆေးရုံး(ခုတင်-၃၀၀)တွင် တက်ရောက်ကုသနေသော ပြည်သူ (၁၄၀)ဦးအတွက် လိုအပ်သော ဆေးဝါးပစ္စည်းများ နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာသစ်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်
Feb 20,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဆောင်းအကုန် နွေအကူးကာလရာသီ ရောက်ရှိလာပြီ ဖြစ်သဖြင့် ဒေသခံပြည်သူများ ကြိုတင်သိရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁နာရီခွဲ အချိန်က ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23449
Page
23450
Page
23451
Page
23452
Current page
23453
Page
23454
Page
23455
Page
23456
Page
23457
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department