ပင်းတယမြို့၌ နိုင်ငံ့ဝန်ထမ်း(ပင်စင်စား)များ၏ ဖေဖော်ဝါရီလအတွက် ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ပင်းတယ ဖေဖော်ဝါရီ ၂၃ ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ပေါ်ရှိ ရပ်ကွက်/ ကျေးရွာများတွင် နေထိုင်ကြသည့်နိုင်ငံ့ဝန်ထမ်း(ပင်စင်စား)များ၏ ဖေဖော်ဝါရီလအတွက် ပင်စင်လစာများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။ အဆိုပါ ပင်စင်လစာများကို ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိပြီး သတ်မှတ်ရက်များအတွင်း လာရောက် ထုတ်ယူရမည်ဖြစ်၍ အကြောင်းအမျိုးမျိုးကြောင့် ထုတ်ယူနိုင်ခြင်းမရှိပါက အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာကို ရုံးဖွင့်သည့်ရက်များတွင် ဘဏ်လုပ်ငန်း အချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်းလည်း သိရသည်။ ပင်းတယ(ပြန်/ဆက်)