မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃
ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် မငြိမ်သက်မှုဖြစ်စဉ်များတွင် ထိခိုက်မှု အနည်းဆုံးဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်စေ့စပ်ညှိနှိုင်း ဖြန်ဖြေရေး အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ပြည်နယ် ကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ယနေ့ မိမိတို့ နိုင်ငံ၏ ပြောင်းလဲ လာသော နိုင်ငံရေးအခြေအနေအရ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ဆူပူ မငြိမ်မသက် မှုများဖြစ်ပေါ် လျက်ရှိရာ မိမိတို့ပြည်နယ်တွင်လည်း ဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့ ကောင်စီအဖွဲ့အနေဖြင့် ဆန္ဒဖော်ထုတ် လျှက်ရှိသော ပြည်သူများသည် မိမိတို့၏ ညီနောင် သားချင်းများပင် ဖြစ်သည့်အတွက် အတတ်နိုင်ဆုံး အတည်ငြိမ်ဆုံးနှင့် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကိုင်တွယ်ဆောင်ရွက် နေပါကြောင်း၊ သို့သော် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများကြားတွင် သွေးထိုး လှုံ့ဆော်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ထို့ကြောင့် ပြည်နယ်သူ /ပြညနယ်သားများအားလုံး တည်တည် ငြိမ်ငြိမ်ဖြင့် ထိခိုက်မှုမရှိစေရေးအတွက် လူကြီး မင်းများ ပါဝင်သည့် စေ့စပ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ကို ဖွဲ့စည်းပြီး ဆန္ဒထုတ်ဖော်သူများကို မိမိတို့၏ သား/ သမီးများ ကဲ့သို့သဘောထားကာ မိမိတို့ကောင်စီအဖွဲ့နှင့် အတူ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာ ကြားသည်။
ယင်းနောက် ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ သာသနာ့နုဂ္ဂဟ အသင်းနှင့် တိုင်းရင်းသားမျိုးနွယ်စုအသီးသီးမှ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိ သူများ၊ ရပ်မိ/ ရပ်ဖများ က လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်နေကြသူများအား ထိခိုက်မှုမရှိစေရေးအတွက် မိမိတို့၏ သား/သမီးများ ကဲ့သို့ သဘောထားပြီး ညှိနှိုင်းဆောင်ရွက်ပေးရေး၊ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဝင်များအနေဖြင့် ဘာသာလူမျိုးစွဲမရှိဘဲ တန်းတူ ထား၍ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ရေး၊ လက်ရှိနိုင်ငံတော် ၏ အခြေအနေမှန်နှင့် ဥပဒေထုတ်ပြန်ချက် များကို ရှင်းလင်းနားလည်အောင် ဖြေရှင်းပေးရေးစသည့် လုပ်ငန်းတာဝန်များကို ပွင့်လင်းရင်းနှီးစွာ ညှိနှိုင်း ဆွေးနွေး ခဲ့ကြပြီး ပြည်နယ်စေ့စပ်ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့ကို ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ကြသည်။
ပြည်နယ်ပြန်/ဆက်